မိတ္ထီလာ၌ မူလတန်းကြိုကျောင်း နှစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနား ကျင်းပ

မိတ္ထီလာ ၂၁  ဇန်နဝါရီ

 

မိတ္ထီလာ၌ လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်း နှစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၂၁ နံနက် ၉ နာရီခွဲက ပေါက်ချောင်းရပ်ကွက်ရှိ အဆိုပါကျောင်းတွင် ကျင်းပကြောင်း သိရသည်။

 

နှစ်ထပ်ကျောင်းဆောင်သစ်အား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်၊တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးစိုးသန်း၊ တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနရုံး ညွှန်ကြားရေးမှူး ဒေါ်ခင်စန်းရီ ၊ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်စွာထွန်းနှင့် ခရိုင်လူမှုဝန်ထမ်းဦးစီးမှူး ဦးသန်းဌေး တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

 

ထို့နောက် အခမ်းအအနားတွင် တိုင်းဒေသကြီးဝန်ကြီးဦးမျိူးသစ်က အမှာစကားပြောကြားပြီး တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးစိုးသန်းက ကျောင်းဆောင်သစ် ဖွင့်လှစ်နိုင်ခြင်းအတွက်    ဝမ်းမြောက်ကျေးဇူးတင်စကား ပြောကြားသည်။ ဆက်လက်၍ တိုင်းဒေသကြီး လူမှုဝန်ထမ်း ဦးစီးဌာနရုံး       ညွှန်ကြားရေးမှူး ဒေါ်ခင်စန်းရီက မိတ္ထီလာမူလတန်းကြိုကျောင်း ကျောင်းဆောင်သစ် ဆောက်လုပ်ရခြင်း ရည်ရွယ်ချက်နှင့်      လူမှုဝန်ထမ်းဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်း ပြောကြားသည်။

 

 အဆိုပါ မူလတန်းကြိုကျောင်း နှစ်ထပ်ကျောင်းဆောင်သစ်မှာ     အလျား  ၉ဝ ပေ၊ အနံ ၃ဝ ပေ အာရ်စီ အမျိုးအစားဖြစ်ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ခွင့်ပြုငွေကျပ်   ၁၃၉.၁ သန်း ဖြင့်    ဆောက်လုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

ချမ်းသာ ( မိတ္ထီလာ)