မိတ္ထီလာ မေ ၂၅
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်မည့် အစီအမံများ ရေးဆွဲနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မေ ၂၃ ရက်က ကျင်းပသည်။
ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်ဦးက ဌာနဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် (၄)နှစ်စာ နှစ်အလိုက် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများဆောင်ရွက်မည့် အစီအမံများကို ရေးဆွဲတင်ပြရာတွင် သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ရေးဆွဲတင်ပြပြီး တင်ပြသည့် လုပ်ငန်းအစီအမံများ၏ လတ်တလော အကျိုးပြုနိုင်မှု၊ ရေရှည်အကျိုးပြုနိုင်မှု စသည်တို့ကိုပါ ထည့်သွင်းရေးဆွဲတင်ပြကြရန် လိုအပ်ကြောင်း ပြောကြားသည်။ ထို့နောက် တက်ရောက်လာသူများက ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်မည့် အစီအမံများရေးဆွဲရေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ချမ်းသာ(မိတ္ထီလာ)


