မြိတ်မြို့တစ်ဘက်ကမ်းတွင် ရပ်နားထားသော တပ်မတော်ရေယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွား

မြိတ် ၂၂ ဖေဖော်ဝါရီ 


တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တစ်ဘက်ကမ်း ပထက်ကျေးရွာတွင် ကျောက်ချရပ်နားထားသော တပ်မတော် စစ်ရေယာဉ်တစ်စီး ယနေ့ နံနက် ၉ နာရီ မိနစ် ၅၀ ခန့်က စက်ခန်းအတွင်း မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြိတ်ခရိုင် မီးသတ်ဦးစီးဌာနမှ သိရသည်။


ဖြစ်စဉ်မှာ အဆိုပါကျေးရွာရှိ ပြည့်ဖြိုးထွန်း အင်တာနေရှင်နယ် ကုမ္ပဏီ ငါးအတင်/အချ တံတားတွင် ရပ်နားထားသော အလျားပေ ၁၀ဝ၊ အနံ ၂၂ ပေရှိ သံကိုယ်ထည် ကမ်းခြေစောင့်တိုက်ရေယာဉ် အမှတ် (၄၁၃) ၏ စက်ခန်းအတွင်း ဂဟေဆော်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

123


    

မီးလောင်ရာသို့ မြိတ်ခရိုင်မီးသတ်ဦးစီးဌာနမှ ခရိုင်မီးသတ်ဦးစီးမှူး ဦးဇော်ဝင်းကြီးကြပ်၍ သန္ပေ္ဓမီးသတ်တပ်ဖွဲ့ဝင် (၂၄)ဦး၊ အရံမီးသတ်တပ်ဖွဲ့ဝင်(၁၅) ဦး၊ ပြည့်ဖြိုးထွန်း ကုမ္ပဏီပိုင် မီးငြိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ် (၂) စီး၊ အပေါ့စားမီးသတ်စက် (၂) လုံး၊ ပုဂ္ဂလိက စက်လှေတစ်စီးတို့ ပူးပေါင်းကာ ဝိုင်းဝန်းမီးငြိမ်းသတ်ရာ နံနက် (၁၀) နာရီ (၁၀) မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။


ဇော်မျိုးနိုင် (မြိတ်ခရိုင်ပြန်/ဆက်)

 

123