မြိတ်လေဆိပ်၌ အရေးပေါ်အခြေအနေ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်

မြိတ် နိုဝင်ဘာ ၂၆

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ လေဆိပ်တွင် ခရီးသည်တင်လေယာဉ် အင်ဂျင်စက်ချို့ယွင်းမှုကြောင့် အရေးပေါ် ဆင်းသက်ရသည့် အခြေအနေဖြစ်ပွားလာပါက လေယာဉ်မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင်ရန်အတွက် နိုဝင်ဘာ ၂၅ ရက်က မီးသတ်ယာဉ်များ၊ ရှာဖွေကယ်ဆယ်ရေးယာဉ်များဖြင့် မြိတ်ခရိုင်မီးသတ်ဦးစီးဌာနမှ ဦးဆောင်၍ ဇာတ်တိုက်လေ့ကျင့်မှု ပြုလုပ်ခဲ့ကြသည်။

ဇာတ်တိုက်လေ့ကျင့်ရာမှုခြင်းကို  မြိတ်လေဆိပ်အတွင်း၌ ခရိုင်မီးသတ်ဦးစီးမှူး ဦးစန်းဦး ဦးဆောင်၍ သန္ဓေ+အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့ဝင်များက မီးငြိမ်း သတ်ယာဉ်၊ ကယ်ဆယ်ရေးယာဉ်နှင့် လူနာတင်ယာဉ်များဖြင့် လေယာဉ်မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး  ဇာတ်တိုက်လေ့ကျင့်ခဲ့ကြရာ လေ့ကျင့်မှုအား  မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဉာဏ်ဇော်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြည့်ရှုအားပေးကြသည်။

ဇာတ်တိုက်လေ့ကျင့်ခြင်းကို လေယာဉ်ရှေ့ဘီးချ၍မရသည့် ပြဿနာကြုံတွေ့ပြီး အရေးပေါ် ဆင်းသက်ရမည့် အခြေအနေတွင် ကြုံတွေ့လာနိုင်သည့်အန္တရာယ်မှ ထိခိုက်ဆုံးရှုံးမှုနည်းပါးစေရန်၊ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို ထိရောက်လျင်မြန်စွာ ဆောင်ရွက်ပြီး ပြည်သူများ၏ အသက်အန္တရာယ်ကို ဆောလျင်စွာ အချိန်နှင့်တစ်ပြေးညီ ကယ်ဆယ်နိုင်ရန်နှင့် အခြားလိုအပ်ချက်များကို ကူညီပေးနိုင်ရန် ရည်ရွယ်၍ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)