ရန်ကုန်      မေ     ၁၀

၂၀၂၆ MFF ယူ-၁၆ ဖူဆယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၁)ကို မေ ၁၀ ရက်က ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်းရှိ MFF ဖူဆယ်အားကစားရုံ၌ စတင်ကျင်းပသည်။

ပွဲစဉ် (၁) တွင် Pacific Sun Far အသင်းက Mahar Burma အသင်းကို နှစ်ဂိုး-ဂိုးမရှိ၊ Victoria အသင်းက United City အသင်းကို လေးဂိုး-သုံးဂိုး၊ SGF Youth အသင်းက TKA Star အသင်းကို လေးဂိုး-ဂိုးမရှိ၊ ရွှေပြည်သာယူနိုက်တက်အသင်းက  မာရိန်းအသင်းကို တစ်ဂိုး-ဂိုးမရှိ၊ FFU မင်းမဟော်အသင်းက  Avengers Junior အသင်းကို တစ်ဂိုး-ဂိုးမရှိ၊ Jullniss အသင်းက  ဘူရှီဒိုအသင်းကို ကိုးဂိုး-ဂိုးမရှိဖြင့်  အနိုင်ရခဲ့သည်။

ယူ-၁၆  ဖူဆယ်လိဂ်ပြိုင်ပွဲကို အသင်း ၁၂  သင်းဖြင့်  နှစ်ကျော့ကျင်းပမည်ဖြစ်ပြီး  အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပြုလုပ်သွားမည်ဖြစ်သည်။

သတင်း - ညီမြတ်သော်တာ

ဓာတ်ပုံ - MFF