ရန်ကုန်     ဖေဖော်ဝါရီ     ၁၉

၂၀၂၅-၂၀၂၆ ရာသီ MFF ဖူဆယ်လိဂ်-၂ ပြိုင်ပွဲ ပွဲစဉ် ၁၆ ကို ဖေဖော်ဝါရီ ၁၉ ရက်က သုဝဏ္ဏဘောလုံးကွင်းရှိ MFF ဖူဆယ်အားကစားရုံ၌ ဆက်လက် ကျင်းပရာ Galaxy အသင်း နိုင်ပွဲရယူပြီး ဆက်လက်ဦးဆောင်နေသည်။

ပွဲစဉ် ၁၆ တွင် Galaxy အသင်းက JZ Yangon အသင်းကို ငါးဂိုး-နှစ်ဂိုး၊ 7 Brother အသင်းက ရွှေပြည်သာယူနိုက်တက်အသင်းကို ခြောက်ဂိုး-သုံးဂိုး၊ KKY အသင်းက Kyaung Sayar Tharhtwe အသင်း ကို လေးဂိုး-သုံးဂိုး၊ 7 Dragon အသင်းက YRG Academy အသင်းကို နှစ်ဂိုး-တစ်ဂိုး၊ Maryar Noka အသင်းက Black Cross အသင်းကို ကိုးဂိုး-ဂိုးမရှိ၊ ULAD အသင်းက A.C Milksteak အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိသည်။

ပွဲစဉ် ၁၆ အပြီးတွင် Galaxy အသင်းက ရမှတ် ၄၃ မှတ်ဖြင့် ဦးဆောင်နေပြီး 7 Brother အသင်းက ၃၉ မှတ်၊ ULAD အသင်းက ၃၃ မှတ်၊ Maryar Noka အသင်းက ၂၉ မှတ်၊ YRG Academy အသင်းက ၂၈ မှတ်၊ 7 Dragon အသင်းက ၂၆ မှတ်၊ KKY အသင်းက ၂၃ မှတ်၊ JZ Yangon အသင်းနှင့် Kyaung Sayar Tharhtwe အသင်းတို့က ၁၇ မှတ်စီ၊  A.C Milksteak အသင်းက  ၁၃ မှတ်၊ ရွှေပြည်သာယူနိုက်တက်အသင်းက ခုနစ်မှတ်၊ Black Cross အသင်းက သုံးမှတ်ရရှိထားသည်။          

 သတင်း - ရှိုင်းထက်ဇော်၊ ဓာတ်ပုံ-MFF