မော်ရိုကိုနိုင်ငံ၌ မျောက်ကျောက်ရောဂါ ကူးစက်ခံရသူဟုသံသယရှိသူ သုံးဦးတွေ့ရှိ

မေ ၂၄

 

မော်ရိုကိုနိုင်ငံတွင် မျောက်ကျောက်ရောဂါ ကူးစက်ခံရသူဟုသံသယရှိသူ သုံးဦးတွေ့ရှိသည်ဟု ယမန်နေ့က အတည်ပြုထုတ်ပြန်ကြေညာခဲ့သည်။

 

အဆိုပါသံသယရှိသူသုံးဦးသည် လတ်တလော ကျန်းမာရေးစောင့်ရှောက်မှုအောက်တွင်ရှိနေပြီး ကျန်းမာရေးကောင်းမွန်ကာ ဆေးစစ်ချက်ရလဒ်များကိုစောင့်ဆိုင်းလျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

 

နိုင်ငံ၏ထိုရောဂါအခြေအနေကို စောင့်ကြည့်ရန် အထူးအဖွဲ့ ဖွဲ့စည်းခဲ့သည်ဟု ထိုဝန်ကြီးဌာနက ဆိုသည်။

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မျောက်ကျောက်ရောဂါ ဖြစ်ပွားသည့်နိုင်ငံ ၁၂ နိုင်ငံရှိကြောင်း အတည်ပြုထားသည်။ ၎င်း ၁၂ နိုင်ငံသည် အမေရိကန်၊ ကနေဒါ၊ ဩစတြေးလျ၊ ဗြိတိန်၊ စပိန်၊ ပေါ်တူဂီ၊ ဂျာမနီ၊ ဘယ်လ်ဂျီယံ၊ အီတလီ၊ နယ်သာလန်၊ ပြင်သစ်နှင့် ဆွီဒင်နိုင်ငံတို့ ဖြစ်ကြောင်း သိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို