မောင်တောမြို့၌ (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာ ဖတ်ပွဲ အခမ်းအနား ကျင်းပ

မောင်တော၊    ၁၂      ဖေဖော်ဝါရီ

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌  (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၁၂ ရက် နံနက် နာရီက မြို့မအားကစားကွင်း၌ ပြုလုပ်သည်။

ရှေးဦးစွာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဂုဏ်ပြုတပ်ဖွဲ့နှင့် တက်ရောက်လာသူများက ပြည်ထောင်စု မြန်မာနိုင်ငံတော်အလံအား အလေးပြုခြင်းဆောင်ရွက်ကြပြီး (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့တွင်  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ၂၀၂၁ခုနှစ်၊ (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့   ပေးပို့သော  သဝဏ်လွှာကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးစိုးအောင်က ဖတ်ကြားသည်။

အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးစိုးအောင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဒုဉက္ကဋ္ဌ ဦးနိုင်အေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးအောင်ရဲ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဆရာ ဆရာမများ၊ မိဘပြည်သူများ စုစုပေါင်း အင်အား ၂၀၀ ခန့် တက်ရောက်ကြ ကြောင်း သိရသည်။

သက်လွင်စိုး(ပြန်/ဆက်)

 

DSC00957