မြောင်းမြ မေ ၁၀

 

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်အတွင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ရက် (၁၀၀) စီမံချက်ဖြင့် ယမန်နေ့နံနက် ၉ နာရီက ကျွဲ၊ နွား ရောဂါကာကွယ်ဆေးထိုးပေးခြင်းနှင့် နွားမေထုန်မဲ့သားစပ်ပေးခြင်းတို့ကို ညောင်တောစုကျေးရွာအုပ်စုရှိ သဗြုပင်ဆိပ်ကျေးရွာ၊ ကွမ်းသီးချောင်းနှင့် အုန်းပင်ကျေးရွာတို့၌ ဆောင်ရွက်သည်။

 

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက စီးပွားဖြစ်မွေးမြူရေးခြံစာရင်း ကောက်ယူခြင်း၊ တိရစ္ဆာန်အစာဆိုင်နှင့် ဆေးဆိုင်စာရင်းကောက်ယူခြင်း၊ ဇီဝဇိုးငှက်မွေးမြူမှုစာရင်းကောက်ယူခြင်း၊ ကျွဲနွားရောဂါကာကွယ်ဆေးထိုးနှံခြင်း၊ နွားမေထုန်မဲ့သားစပ်ခြင်း၊ မွေးမြူရေးဆိုင်ရာ သင်တန်းများဖွင့်လှစ်ခြင်း၊ မွေးမြူရေးခြံများတွင် နမူနာပြပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇေယျာ(ပြန်/ဆက်)