မော်လမြိုင်၌ တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမများအတွက် အရည်အသွေးမြှင့် အထောက်အကူပြု ဆွေးနွေးပွဲပိတ်ပွဲကျင်းပ

မော်လမြိုင် နိုဝင်ဘာ ၂၅

မွန်ပြည်နယ်တွင် တိုင်းရင်းသားလူမျိုးများ၏ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို ဖော်ထုတ်ထိန်းသိမ်းနိုင်ရန် ရည်ရွယ်၍ တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမများအတွက် အရည်အသွေးမြင့် အထောက်အကူပြုဆွေးနွေးပွဲ ပိတ်ပွဲကို နိုဝင်ဘာ ၂၅ ရက် နံနက်ပိုင်းက မော်လမြိုင် ပညာရေးဒီကရီကောလိပ်၌ ပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ တိုင်းရင်းသား ဘာသာစကားသင် ဆရာ၊ ဆရာမများ တက်ရောက်ကြသည်။ 

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး မော်လမြိုင် ပညာရေးဒီကရီကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းသိင်္ဂီကျော်က အရည်အသွေးမြင့်စေရေး အထောက်အကူပြု ဆွေးနွေးပွဲနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကာ  ဆရာ၊ ဆရာမများအား သင်တန်းဆင်းလက်မှတ် များပေးအပ်သည်။ ထို့နောက် တက်ရောက်လာကြသူများက တိုင်းရင်းသားရိုးရာ အက၊ အလှများဖြင့် ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုကြပြီး ဂုဏ်ပြုဆုငွေ ကျပ် ၃ သိန်းကို ပြည်နယ်ဝန်ကြီးချုပ်က ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)