မော်လမြိုင် ဇူလိုင် ၇

 

မွန်ပြည်နယ်စာရင်းစစ်ချုပ်မှ ခရိုင်၊ မြို့နယ်စာရင်းစစ်ရုံးဝန်ထမ်းများနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ခရိုင်စာရင်းစစ်ရုံး၌ ကျင်းပသည်။

 

ဦးစွာ မွန်ပြည်နယ်စာရင်းစစ်ချုပ် ဒေါ်သိန်းသိန်းဦးက ဒေသန္တရ စီမံကိန်းနှင့် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ စာရင်းများစစ်ဆေးရာတွင် လိုအပ်ချက်များ မရှိစေရေး စစ်ဆေးဆောင်ရွက်ရန် မှာကြားသည်။

 

ထို့နောက် ပြည်နယ်စာရင်းစစ်ချုပ်ရုံးမှ ညွှန်ကြားရေးမှူးနှင့် ဒုတိယညွှန်ကြားရေးမှူးတို့က ခရိုင်၊ မြို့နယ်ရှိ ဝန်ထမ်းများအား တွေ့ဆုံ၍ အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

 

စည်သူ(ပြန်/ဆက်)