မော်လမြိုင်ကျွန်း  ၁၃   နိုဝင်ဘာ

 

လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု များအား ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း စားဝတ်နေရေး အဆင်ပြေစေရေးအတွက် နိုင်ငံတော်အစိုးရမှ  စတုတ္ထအကြိမ် ငွေကြေးထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက် ၉ နာရီက ကျေးရွာ ရပ်ကွက် အုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်းပေးအပ်သည်။

 

ထိုသို့ လွှဲပြောင်းပေးအပ်ပြီးချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်မင်းဌေးနှင့် မြို့နယ် COVID-19 ထိန်းချုပ်ရေး အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များက မြို့နယ်အတွင်းရှိ ရပ်ကွက်များနှင့် နီးစပ်ရာ ကျေးရွာများသို့ အိမ်တိုင်ရာရောက် အဖွဲ့ခွဲ၍ ထောက်ပံ့ငွေကြေးများ လိုက်လံပေးအပ်ကြသည်။  

 

အဆိုပါ  ထောက်ပံ့ငွေများကို မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများသို့ အိမ်ထောင်စုတစ်စုလျှင်ငွေကျပ်(၂၀ဝ၀ဝ)နှုန်းဖြင့်  ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ညွှန်ကြားချက်များ နှင့်အညီ ပေးအပ်ပြီး  မြို့နယ်တွင် မြို့ပေါ် (၁၃)  ရပ်ကွက်နှင့် အိမ်ထောင်စု (၂၉၂၂၄)စုအတွက် ထောက်ပံ့ကြေး စုစုပေါင်း ငွေကျပ် (၅၈၄,၄၈၀,ဝ၀ဝ)  အား ပေးအပ်ခဲ့ကြောင်း သိရှိရသည်။      

 

သီတာအောင်(ပြန်ဆက်)