မော်လိုက် ၁၄ အောက်တိုဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်/မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့မှ COVID-19 ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းအတွက် အထောက်အကူဖြစ်စေရန် ယနေ့ နံနက်ပိုင်းက မော်လိုက်မြို့မ ဈေးကြီးအတွင်းနှင့် ပျံကျဈေးတို့တွင် ပါးစပ်၊နှာခေါင်းစည်းများအား အခမဲ့ ဖြန့်ဝေပေး ခဲ့ကြကြောင်း သိရသည်။
ပါးစပ်၊နှာခေါင်းစည်းများဖြန့်ဝေခြင်းကို ခရိုင်ဥပဒေဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့ဥက္ကဋ္ဌ ဦးမောင်ချိုနှင့် အဖွဲ့ဝင်များက မြို့မဈေးကြီးအတွင်းနှင့် ယာယီပျံကျဈေးတို့၌ ဈေးရောင်း၊ ဈေးဝယ် ပြည်သူများ အတွက် ပါးစပ်၊နှာခေါင်းစည်း (၅၀ဝ)ခန့်ကို ဖြန့်ဝေပေးခဲ့ကြကြောင်းနှင့် ခရိုင်/ မြို့နယ် ဥပဒေ အထောက်အကူပြု အဖွဲ့အနေဖြင့် COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီထံသို့ အလှူငွေကျပ်(၂)သိန်းကို လှူဒါန်းထားကြောင်း ခရိုင်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ အတွင်းရေးမှူး ဒေါ်ဥမ္မာအေး ပြောကြားချက်အရ သိရသည်။
မော်လိုက်သားလေး


