မော်လ်ဒိုက်နိုင်ငံတွင် ကိုဗစ် -၁၉ ကြောင့် အသွားအလာပိတ်ဆို့မှုကို ဒုတိယအကြိမ် ပြန်လည်ချမှတ်ဖွယ်ရှိ

မာလီ ဩဂုတ် ၃၀

မော်လ်ဒိုက်နိုင်ငံတွင် ကိုဗစ် -၁၉ ဒုတိယလှိုင်း ရိုက်ခတ်မှုကြောင့် အသွားအလာ ပိတ်ဆို့ကန့်သတ်မှုများကို ပြန်လည်ချမှတ်သွားဖွယ်ရှိ သည်ဟု သမ္မတ အီဘရာဟင် ဆိုလစ်က ဩဂုတ် ၃၀ ရက်တွင် ပြောကြားခဲ့သည်။

ပိတ်ဆို့ ကန့်သတ်မှုများပြုလုပ်ထားစဉ်အတွင်း ပြည်သူပြည်သားများနှင့်စီးပွားရေးကို ထိခိုက်စေမည်ဖြစ်ပြီး ကိုဗစ် - ၁၉ ကူးစက်မှု ဆက်လက် ပြင်းထန်နေပါက ပိတ်ဆို့ကန့်သတ်မှုများလုပ်ဆောင်သွားရ ဖွယ်ရှိသည်ဟု အရေးပေါ်ကျန်းမာရေး စင်တာ၏သတိပေးချက်ကို ကိုးကားကာ သမ္မတ ဆိုလစ်က ပြောကြားခဲ့သည်။

မော်လ်ဒိုက်နိုင်ငံတွင် ဇူလိုင် လအတွင်းက အသွားအလာပိတ်ဆို့ ကန့်သတ်ထားမှုများကို ဖြေလျှော့ပေး ခဲ့ပြီးနောက် ကိုဗစ် - ၁၉ ဒုတိယ အကြိမ် ကူးစက်မှုပြန်လည် များပြားလာခြင်းနှင့် ရင်ဆိုင်နေရသည်။ ယခုလအတွင်း နေ့စဉ် ကူးစက်မှုနှုန်း များနေပြီး အများစုမှာ ဒေသတွင်း ကူးစက်မှုများ ဖြစ်ကြသည်။ ဩဂုတ် ၂၈ ရက် တစ်ရက်တည်းတွင်ပင် ကူးစက်ခံရသူ ၁၀၉ ဦး တွေ့ရှိခဲ့ပြီး ၎င်းတို့အထဲမှ ၈၀ မှာ ပြည်တွင်း ကူးစက်မှု ဖြစ်သည်။ ထိုအချိန်တွင် ပြန်လည်ကျန်းမာလာသူ အရေ အတွက်မှာ ၄၉၂၅ ဦး ရှိသည်။

မော်လ်ဒိုက်နိုင်ငံတွင် ကိုဗစ် -၁၉ ကူးစက်မှုနှုန်းကို အမှတ်ပေးစနစ်ဖြင့် သတ်မှတ်ထားပြီး နေ့စဉ်ကူးစက်မှုနှင့် သေဆုံးမှုအပေါ် တွက်ချက်ကာ အမှတ်ပေးသွားမည် ဖြစ်သည်ဟု အရေးပေါ် ကျန်းမာရေးစင်တာမှ အကြီးအကဲဖြစ်သူ ဒေါက်တာအာမတ်ရှာဟစ်က ပြောသည်။

လက်ရှိ အမှတ်ပေးမှုမှာ ကိုးမှတ်ပေးထားပြီး ၁၀ မှတ်ပြည့်သွားလျှင် အသွားအလာပိတ်ဆို့ကန့်သတ်မှုများ ပြန်လည်လုပ်ဆောင်ရန် အားပေးသွားမည်ဟု ၎င်းက ဆက်လက်ပြော ကြားခဲ့သည်။

ဆင်ဟွာ