မောက်မယ် ၂၃ အောက်တိုဘာ

 

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ (HPV) သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို ယနေ့နံနက် ၇ နာရီက မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ အခမဲ့ စတင် ထိုးနှံပေးနေပြီဖြစ်ကြောင်း သိရသည်။

 

အဆိုပါ အိတ်ချ်ပီဗီကာကွယ်ဆေး (Human Papillomavirus Vaccine HPV) အသစ်စတင် ထိုးနှံခြင်းလုပ်ငန်းနှင့် ပတ်သက်၍ မောက်မယ်မြို့နယ်အတွင်း ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် အိတ်ချ်ပီဗီ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံရမည့် မိန်းကလေးငယ်(၅၀၅)ဦးရှိပြီး ယနေ့တွင် ကွန်ကျိုင်း ရပ်ကွက်၊ စျေးတန်းရပ်ကွက်နှင့် မွေတော်ရပ်ကွက်ရှိ မိန်းကလေးငယ်(၂၂)ဦးအားထိုးနှံပေးပြီး ကျန်ရှိနေသေးသည့် ရပ်ကွက်နှင့် ကျေးရွာများတွင်လည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

စိုင်းမျိုးသန့်(မောက်မယ်)