မြောက်ကိုရီးယားနိုင်ငံက ဂျပန်နိုင်ငံအပေါ်ဖြတ်ကာ ပဲ့ထိန်းဒုံးကျည်တစ်စင်း သတ္တမအကြိမ်မြောက်ပစ်လွှတ်

အောက်တိုဘာ ၄

 

မြောက်ကိုရီးယားနိုင်ငံသည် ဂျပန်နိုင်ငံအပေါ်ဖြတ်ကာ   သတ္တမအကြိမ်မြောက် ပဲ့ထိန်းဒုံးကျည်တစ်စင်းကို ယနေ့တွင် ပစ်လွှတ်ခဲ့သည်။

 

အဆိုပါဒုံးကျည်ပစ်လွှတ်မှုသည် ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နောက်ပိုင်း၊ ငါးနှစ်တာကာလအတွင်း ပထမဆုံးဖြစ်သည်။

 

ထိုဒုံးကျည်ပစ်လွတ်မှုမတိုင်မီ ဩဂုတ်လကပစ်လွှတ်ခဲ့သော ပဲ့ထိန်းဒုံးကျည်တစ်စင်းသည် ပစိဖိတ်သမုဒ္ဒရာထဲသို့ မကျရောက်မီ ဂျပန်နိုင်ငံမြောက်ပိုင်း ဟော့ကိုင်းဒိုးကျွန်းကို ကျော်ဖြတ်သွားခဲ့သည်။

 

ထိုဒုံးကျည်သည် တာလတ်ပစ်ဒုံးကျည်အမျိုးအစား Hwasong- ၁၂ ဖြစ်ပြီး ကီလိုမီတာ ၅၀၀၀ ခန့်အကွာအဝေးအထိ အများဆုံးရောက်နိုင်သည်ဟု ဂျပန်နိုင်ငံကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။

 

မြောက်ကိုရီးယားနိုင်ငံက ဂျပန်နိုင်ငံအပေါ်ဖြတ်ကာ ၁၉၉၈ ခုနှစ် ဩဂုတ်လက ပထမဆုံးအကြိမ်ပစ်လွှတ်ခဲ့သည်။ 

 

ယင်းဒုံးကျည်ပစ်လွှတ်မှုခုနှစ်ကြိမ်အနက် သုံးကြိမ်တွင် မြောက်ကိုရီးယားက ကြိုတင်သတိပေးချက်ထုတ်ပြန်ခဲ့သော်လည်း ယနေ့ပစ်လွှတ်မှုသည် သတိပေးချက်ထုတ်ပြန်ခြင်းမရှိသော ဒုံးကျည်ပစ်လွှတ်မှုလေးခုအနက် တစ်ခုဖြစ်သည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို