မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန် အဘိုးဖြစ်သူ၏ ဂူဗိမာန်သို့ သွားရောက်ဂါရဝပြု

၈ ဇူလိုင်

 

 

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်သည်  မြောက်ကိုရီးယား နိုင်ငံအား တည်ထောင်သည့် ခေါင်းဆောင် ကင်အီဆွန်း သေဆုံးသည့် ၂၆ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ၎င်း၏ ဂူဗိမာန်သို့ သွားရောက်ခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာများက ဖော်ပြသည်။

 

 

ကင်ဂျုံအန်းသည် အဘိုးဖြစ်သူ ကင်အီဆွန်းအား ကန်ဆူဆန် နန်းတော်တွင် အရိုအသေပေးခဲ့ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင် သတင်းစာဖြစ်သည့် ရိုဒေါင်ရှင်းမူ၏ မျက်နှာဖုံး စာမျက်နှာတွင် ယနေ့၌ ဖော်ပြထားသည်။

 

 

ကင်ဂျုံအန်၏ နောက်တွင် လိုက်ပါလာသည့် အရာရှိများသည် ပြီးခဲ့သည့်နှစ် ၂၅ နှစ်မြောက် ခရီးစဉ်တွင် လိုက်ပါလာခဲ့သည့် အရေအတွက်ထက် လျော့နည်းနေကြောင်း သတင်းစာပါ ဓာတ်ပုံတစ်ပုံက ဖော်ပြနေသည်။

 

 

မြောက်ကိုရီးယား နိုင်ငံ၏ အကြီးမားဆုံးသော အမျိုးသား အားလပ်ရက်အဖြစ် သတ်မှတ်ခံရသော ကင်အီဆွန်း၏ မွေးနေ့ကို အထိမ်းအမှတ်အဖြစ် ကျင်းပမည့် နှစ်ပတ်လည်ပွဲအတွက် ကင်ဂျုံအန် အလည်အပတ် ရောက်ရှိခြင်းကို  ဧပြီလအတွင်း မြောက်ကိုရီးယား မီဒီယာများက ဖော်ပြခြင်း မရှိခဲ့ပေ။

 

 

ကင်ဂျုံအန်သည် နှလုံးခွဲစိတ်မှု ခံယူထားပြီးနောက် အကြီးအကျယ် နေမကောင်းဖြစ်နေကြောင်း အမေရိကန် တာဝန်ရှိသူတစ်ဉီး၏ ပြောကြားချက်ကို ကိုးကားပြီး CNN မှ ဧပြီလ နှောင်းပိုင်းက ဖော်ပြခဲ့သည်။

 

 

ကင်သည် ဂူဗိမာန်သို့ သွားရောက်၍ ဂါရဝပြုခြင်း  သတင်းသည် မြောက်ကိုရီးယားနိုင်ငံ၏ အာဏာကို မျိုးရိုးအလိုက် ဆက်ခံသည့် စနစ်ကို ဖော်ပြခြင်းဖြစ်ကြောင်း လေ့လာသူများက ပြောကြားခဲ့သည်။ 

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်