မြစ်သား၊  ၂၇  ဒီဇင်ဘာ

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်အတွင်းရှိ လယ်ယာနှင့် အထွေထွေစီးပွားရေး သမဝါယမအသင်း ၁၄၆ သင်းမှ အသင်းသား ၉၀၀၀ စိုက်ပျိုးထားရှိသော မိုးစပါးစိုက်ဧက ၁၈၀၀၀ ပေါ်တွင် ဧရာပဒေသာစပါး၊ မနောသုခစပါးများ စိုက်ပျိုးခဲ့ရာ တစ်ဧကစပါးအထွက်နှုန်းမှာ ဧရာပဒေသာစပါး တင်း ၇၀ နှင့် မနောသုခစပါး ၈၅ တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။

 

မြစ်သားမြို့နယ်၊ ငါးဆူကျေးရွာရှိ ထွန်းလင်းတောက်စိုက်ပျိုးရေးနှင့် အထွေထွေ လုပ်ငန်းမျိုးစေ့ထုတ်(လုပ်ငန်းခွဲ) သမဝါယမအသင်းက အသင်းသား ၇၇ ဦး စိုက်ပျိုးထားသော မိုးစပါးစိုက်ဧက ၂၃၄ ပေါ်တွင် ဧရာမင်းစပါး စိုက်ပျိုးခဲ့ပြီး တစ်ဧကလျှင် စပါးအထွက်နှုန်းတင်း ၇၀၊ စုစုပေါင်းစပါးတင်း ၁၆၃၈၀ ထွက်ရှိခဲ့ရာ ၎င်းမိုးစပါးများကို စိုက်ပျိုးရေး ဦးစီးဌာနနှင့်ပူးပေါင်း၍ တောင်သူဦးကြီးများထံသို့ ဆက်လက်ဖြန့်ဖြူးရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

MDN

 

 444 Capture.J