မြစ်သား ၁၆ စက်တင်ဘာ 


မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက စာဖတ်ရှိန်မြှင့်တင်ရေးအတွက် နယ်လှည့်ကွင်းဆင်း ဆောင်ရွက်မှုကို စက်တင်ဘာလ ၁၆ ရက် နံနက် ၁၀ နာရီတွင် ကသဲကုန်းကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်း၌ ကျင်းပသည်။


ရှေးဦးစွာ ကသဲကုန်းကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်စန်းထွေးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ် ဦးစီးမှူးဦးသန်းနိုင်စိုးက ဖတ်ပါ၊ မှတ်ပါ၊ လေ့လာပါခေါင်းစဉ်ဖြင့်လည်းကောင်း ဒေါ်မြမြမွန်(ရုပ်သံကျွမ်းကျင်−၃)က စာဖတ်ခြင်းဖြင့်ရရှိသော အကျိုးကျေးဇူးများအကြောင်း ဟောပြောခဲ့ကြသည်။


ဆက်လက်၍ ကျောင်းသား၊ကျောင်းသူများကို စာဖတ်ဝိုင်းများပြုလုပ်ပေးခြင်းနှင့် နံရံကပ် စာစောင်ပြသပေးခြင်းတို့ကိုဆောင်ရွက်ပေးခဲ့ရာ ကျောင်းအုပ်ဆရာမကြီးက မြို့နယ်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယခုလို ဟောပြောပွဲများ၊ စာဖတ်ဝိုင်းများနှင့် နံရံကပ် စာစောင်တွေ ကျင်းပပေးခြင်းကို ကျောင်းသား၊ကျောင်းသူများ ဗဟုသုတရရှိသည့်အတွက် အများကြီး ကျေးဇူးတင်ရှိပါကြောင်းနှင့် နောင်တွင် ဒီလိုစာဖတ်ရှိန် မြှင့်တင်ရေးပွဲတွေ များများဆောင်ရွက် ပေးစေလိုကြောင်း ပြောကြားကြောင်း သိရှိရသည်။


မြို့နယ်ပြန်/ဆက်