မြစ်ကြီးနား ဇွန် ၂၇
ကချင်ပြည်နယ် အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပြည်နယ်သစ်တောဦးစီးဌာနနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ကျင်းပရာ မြစ်ကြီးနားမြို့ ပလနကျေးရွာ အုပ်စု ပလန (၁) မှ ပလန (၄) အထိ ငွေပျော်လမ်းတစ်လျှောက် လမ်းဘေး ဝဲ/ ယာ၌ စုပေါင်းစိုက်ပျိုးကြသည်။
ဦးစွာ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်အေးအေးမော်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်စာရင်းစစ်ချုပ်တို့က ပလန (၃) အင်ကြင်းမြိုင် ကျေးရွာအတွင်းရှိ အခြေခံပညာမူလတန်းကျောင်းရှေ့၌ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျေးရွာနေပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်အတူ အရိပ်ရအပင်ကြီး သစ်မျိုး ၁၃ မျိုး ပျိုးပင် စုစုပေါင်း ၂၀၀၀ ကို စုပေါင်းစိုက်ပျိုးပေးကြကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)


