မြစ်ကြီးနားမြို့၌ (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပ

မြစ်ကြီးနား၊ ၁၂ ဖေဖော်ဝါရီ

(၇၄)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲ အခမ်း အနားများကို ဖေဖော်ဝါရီ ၁၂ ရက် နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီရုံးရှေ့ မြက်ခင်းပြင်တွင် ပြုလုပ်သည်။

ရှေးဦးစွာ (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံတင်အခမ်းအနားကို နံနက် ၅ နာရီခွဲတွင် ကျင်းပရာ ဂုဏ်ပြုတပ်ဖွဲ့ဝင်များက နိုင်ငံတော်အလံအား လွှင့်ထူကြရာ ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးကျော်လင်းအောင်နှင့် ဌာနဆိုင်ရာအကြီးအကဲများက နိုင်ငံ တော်အလံအား အလေးပြုခဲ့ကြသည်။

ထို့နောက် နံနက် ၇ နာရီခွဲတွင် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ ကချင် ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ပေးပို့လာသော (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာကို ဖတ်ကြားသည်။

အခမ်းအနားသို့ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးတူးဂျာ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်မြတ်သက်ဦး၊ ပြည်နယ်ကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ တိုင်းရင်းသားစာပေနှင့် ရိုးရာယဉ်ကျေး မှုအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး အခမ်းအနားကို ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားချက် များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြသည်။

ပြည်နယ်(ပြန်/ဆက်)