Marks & Spencer ဆိုင်တွေမှ အလုပ် ၉၅၀ နီးပါး လျော့ချနိုင်

၂၁ ဇူလိုင်

 

 

ဗြိတိန်နိုင်ငံက အဝတ်အထည်မှအစ အစားအသောက်အထိ ရောင်းချတဲ့ Marks & Spencer ဆိုင်တွေမှာ ကိုရိုနာ ဗိုင်းရပ်စ်ရောဂါပိုးကြောင့် အမြတ်အစွန်းနဲ့ ရောင်းအား ကျဆင်းနေတဲ့အတွက် စီမံရေးနဲ့ အုပ်ချုပ်ရေးဆိုင်ရာ ဌာနမှ အလုပ်သမားပေါင်း ၉၅၀ လောက်အထိကို လျှော့ချသွားမယ်လို့ တနင်္လာနေ့က ကြေညာသွားပါတယ်။

 

 

ကိုရိုနာဗိုင်းရပ်စ်ပိုး ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန် ဗြိတိန်နိုင်ငံတွင် မတ်လ ၂၃ ရက်နေ့ကနေ သုံးလကြာ အရေးမကြီးတဲ့ ပစ္စည်များ ရောင်းတဲ့ဆိုင်တွေကို ပိတ်ထားခဲ့ရပါတယ်။ M&S ရဲ့ နှစ်စဉ်အမြတ်ငွေဟာ ၅၀ ရာခိုင်နှုန်းနီးပါး ကျဆင်းခဲ့ကြောင်း မေလက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

 

 

တနင်္လာနေ့က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်တွင် အလုပ်ပေါင်း ၉၅၀ လျှော့ချမယ်ဆိုရာမှာ   ပြုပြင်ပြောင်းလဲရေး အစီအစဉ်ရဲ့ အစိတ်အပိုင်းဖြစ်ပြီး အနာတ်ဂတ်အတွက် စီမံခန့်ခွံရေးအတွက် ပြင်ဆင်ဖို့ ရည်ရွယ်တာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

 

 

ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှုဟာ ဗြိတိန်နိုင်ငံက စတိုးဆိုင်တွေအပေါ် သက်ရောက်မှုရှိပြီး ဒီလဆန်းပိုင်းက Boots နဲ့ John Lewis နှစ်ဆိုင်ပေါင်းမှာ အလုပ်သမားဦးရေ ၅,၃၀၀ လျော့ချခဲ့ကြောင်း သိရပါတယ်။

 

 

ဗြိတိန်နိုင်ငံမှ အလုပ်သမားပေါင်း ၉.၃ သန်းရဲ့ ၈၀ ရာခိုင်နှုန်းရဲ့ လုပ်အားခတွေကို အစိုးရရဲ့ ကပ်ရောဂါ ကယ်ဆယ်ရေး အစီအစဉ်မှ ပေးနေခဲ့တာ ဖြစ်ပါတယ်။ အစိုးရရဲ့ ကပ်ရောဂါကယ်ဆယ်ရေး အစီအစဉ်မှာ အောက်တိုဘာလမှာ ပြီးဆုံးမှာ ဖြစ်ပါတယ်။

 

 

MDN

ကိုးကား- AFP

2356