မဲလ်ဘုန်းမြို့ကို အသွားအလာ ကန့်သတ်မှုအောက်တွင် ပြန်လည်ထားရှိ

၇ ဇူလိုင်

 

 

ဩစတြေးလျနိုင်ငံရဲ့ ဒုတိယ အကြီးဆုံးမြို့ ဖြစ်တဲ့ မဲလ်ဘုန်းမြို့ကို အသွားအလာ ကန့်သတ်မှုအောက်မှာ ပြန်လည်ထားရှိကြောင်း ဒီနေ့(အင်္ဂါနေ့)မှာ ကြေညာလိုက်ပါတယ်။

 

 

အသွားအလာ ကန့်သတ်မှုအောက်မှာ သီတင်း ခြောက်ပတ် ကြာမှာဖြစ်ပြီး မနက်ဖြန် ဗုဒ္ဓဟူးနေ့မှာ စတင်မှာဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ် ဒန်နီရယ် အန်ဒရူးက ပြောကြားလိုက်ပါတယ်။

 

 

လူဦးရေ ငါးသိန်းနေထိုင်နေတဲ့ မဲလ်ဘုန်းမြို့မှာ ၂၄ နာရီအတွင်း ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၁၉၁ ဦး ရှိကြောင်း၊ ဘယ်သူမှတော့ အသွားအလာ ကန့်သတ်မှုအောက်မှာ နေထိုင်ချင်မှာ မဟုတ်ကြောင်း၊ အခုလို ပြန်လည် ကန့်သတ်လိုက်တဲ့အတွက် စိန်ခေါ်မှုတွေ ဖြစ်လာမယ်ဆိုတာ သိကြောင်း ပြည်နယ်ဝန်ကြီးချုပ်က ထည့်သွင်းပြောကြားပါတယ်။

 

 

မြို့ခံတွေက အလုပ်သွားရန်၊  ကိုယ်လက် လေ့ကျင်းခန်း လုပ်ရန်၊ လိုအပ်တဲ့ ပစ္စည်းဝယ်ယူရန်နဲ့ ကျန်းမာရေး စောင့်ရှောက်မှု ရယူရန်အတွက်သာ အပြင့် သွားခွင့် ရှိမှာ ဖြစ်ကြောင်း သိရပါတယ်။

 

 

ကျောင်းသူကျောင်းသားတွေက အွန်လိုင်းကနေ သင်ကြားမှု ပြန်လည် ပြုလုပ်ရမှာဖြစ်သလို စားသောက်ဆိုင်နဲ့ ကော်ဖီဆိုင်တွေကလည်း ပါဆယ်သာ ရောင်းခွင့်ရှိတော့မှာ ဖြစ်ပါတယ်။

 

 

ဗိုင်းရပ်စ်ပိုး တွေ့ရှိတဲ့ လူနေထူထပ်သော အိမ်ယာ ၉ ခုမှာ နေထိုင်တဲ့ လူ ၃,ဝ၀ဝ နီးပါးကို ပြီးခဲ့တဲ့ စနေနေ့ကစပြီး အိမ်ထဲမှာ နေထိုင်ရန် ညွှန်ကြားထားပြီး ဖြစ်ပါတယ်။ အဲဒီအိမ်ယာ အတွင်းမှာ နေထိုင်သူတွေထဲမှ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၆၉ ဦး ရှိကြောင်း သိရပါတယ်။

 

 

ဩစတြေးလျနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၉,ဝ၀ဝ နီးပါးရှိပြီး သေဆုံးသူ ၁၀၆ ဦးရှိကြောင်း သိရပါတယ်။

 

 

MDN

ကိုးကား - AFP