မာန်အောင်မြို့၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အေးချမ်းစွာ ဆက်လက်ဖြေဆို

 

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ စတုတ္ထနေ့အဖြစ် ဓာတုဗေဒနှင့် ပထဝီဝင်ဘာသာရပ်ကို မတ် ၁၄ ရက်

နံနက်ပိုင်းက အထက-မာန်အောင် စာစစ်ဌာနနှင့် အထက(ခွဲ)စျေးတန်းစာစစ်ဌာနတို့တွင် ဆက်လက်ပြုလုပ်ရာ ဓာတုဗေဒ ဘာသာရပ်ကို ကျောင်းသား ကျောင်းသူ စုစုပေါင်း ၃၃၂ ဦး၊ ပထဝီဝင်ဘာသာရပ်ကို ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁၈၄ ဦးတို့က အေးချမ်းစွာ ဖြေဆိုခဲ့ကြသည်။

 

သိန်းဖေ(ပြန်/ဆက်)

 

mdn