ဒီဇင်ဘာ ၄

မာလာဝီနိုင်ငံတွင် နိုဝင်ဘာလအစောပိုင်းကစတင်သော မိုးရာသီကာလအတွင်း လူပေါင်း ၅၀၀၀၀ နီးပါးထိခိုက်မှုရှိပြီး ၁၁ ဦး သေဆုံးခဲ့ကြောင်း သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာန( ဒီအိုဒီအမ်အေ)က ယမန်နေ့က သတင်းထုတ်ပြန်ထားသည်။

လေပြင်းများတိုက်ခတ်ခြင်း၊ မိုးများသည်းထန်စွာရွာသွန်းခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် မုန်တိုင်းများတိုက်ခတ်ခြင်းတို့အပါအဝင်  သဘာဝဘေးအန္တရာယ်များဖြစ်ပွားမှုကြောင့် အိမ်ထောင်စုပေါင်း ၁၀၈၃၃ စု သို့မဟုတ် ပြည်သူ ၄၈၇၄၈ ဦး ထိခိုက်မှုရှိကြောင်း ထိုဌာန၏ထုတ်ပြန်ဖော်ပြချက်အရသိရသည်။

အဆိုပါသဘာဝဘေးအန္တရာယ်များကြောင့် သေဆုံးသူ ၁၁ ဦးမှာ မိုးကြိုးပစ်ခံရမှုကြောင့် ရှစ်ဦး၊ နံရံများနှင့်ခေါင်မိုးများပြိုကျမှုကြောင့် သုံးဦးတို့ဖြစ်သည်။  ၇၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရာ အများစုမှာ မိုးကြိုပစ်ခံရမှုနှင့် နံရံများ၊ ခေါင်မိုးများထိခိုက်ပျက်စီးမှုတို့ကြောင့် ဖြစ်သည်။

၂၀၂၃ ခုနှစ ဖေဖော်ဝါရီလနှင့်မတ်လတို့တွင် တိုက်ခတ်ခဲ့သောအပူပိုင်းဆိုင်ကလုန်းဖရက်ဒီကြောင့် ခရိုင်များနှင့်မြိုများ ၁၆ ခုတွင် ၆၇၉ ဦး သေဆုံးပြီး လူပေါင်း ၅၃၀ ကျော် ပျောက်ဆုံးနေဆဲဖြစ်သည်။ ထိုဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် လူပေါင်း ၂ ဒသမ ၂ သန်းကျော် ထိခိုက်ခဲ့ပြီး ၇၀၀၀၀၀ နီးပါး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို