လယ်ဝေးမြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေး

လယ်ဝေး   ဇွန်   ၂

 

နေပြည်တော် လယ်ဝေးမြို့နယ်၌ ပန်းခင်း(၂) စီမံချက်ဖြင့် ယနေ့ နံနက်ပိုင်းကနိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့ချင်းပြီး ဆောင်ရွက်ပေးလျက်ရှိသည်။

 

အဆိုပါ    လယ်ဝေးမြို့နယ် ရှားချောင်းကျေးရွာအုပ်စု ပတ္တာကျေးရွာ၌ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား များ ဆောင်ရွက်ပေးလျက်ရှိရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လယ်ဝေးခရိုင်ဦးစီးမှူး    ဒေါ်မြင့်မြင့်သက်နှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးသည်။

 

လယ်ဝေးမြို့နယ် ရှားချောင်းအုပ်စု ပတ္တာကျေးရွာမှ ပြည်သူ ၂၇ ဦးနှင့် စံဝါအောင်း (အ.လ.က၊ခွဲ)မှ ကျောင်းသား ကျောင်းသူ ၅၀ စုစုပေါင်း ၇၇  ဦးကို  နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဝေကြည် (ပြန်ဆက်)