လယ်ဝေးမြို့နယ်၌ Mask Campaign ဆောင်ရွက်

 

နေပြည်တော် အောက်တိုဘာ ၄

 

နေပြည်တော်၊ လယ်ဝေးမြို့နယ်တွင် ပြည်သူများ ကိုဗစ်- ၁၉ ရောဂါ ကူးစက်မှုမှ ကြိုတင်ကာကွယ် နိုင်ရန်အတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် လူမှုရေးအဖွဲ့အစည်းများ ပါဝင်သည့်အဖွဲ့သည် သပြေပင်ကျေးရွာနှင့် သစ်ပုတ်ပင် ကျေးရွာများရှိ စျေးနှင့် လူစည်ကားရာနေရာများ၊ ဒေသခံပြည်သူများ၊ ခရီးသွား ပြည်သူများနှင့် စျေးရောင်းစျေးဝယ်များအား အောက်တိုဘာ ၄ ရက် နံနက်ပိုင်းက Mask Campaign အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)

 

mdn