လယ်ဝေးမြို့နယ်၊ သာဝတ္ထိနွားပွဲဈေးတွင် နှာခေါင်းစည်း (Mask) များ အခမဲ့ပေးဝေခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်

 

နေပြည်တော် အောက်တိုဘာ ၅

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ်ရှိ သာဝတ္ထိနွားပွဲဈေးတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကူးစက်ပြန့်ပွားမှု မရှိစေရေး ထိန်းချုပ်နိုင်စေရန်အတွက် နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာနမှ  တာဝန်ရှိသူများက အောက်တိုဘာ ၅ ရက်က နွားပွဲဈေးသို့ လာရောက်သူများကို  ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ နှာခေါင်းစည်း (Mask) အခမဲ့ပေးဝေခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

 

ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများကို တိကျစွာ လိုက်နာကြရန်၊ နီးစပ်ရာ ကျန်းမာရေးဌာနများ၊ ကျေးရွာ/ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများနှင့် ဆက်သွယ်၍  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှင့် ထပ်ဆောင်းကာကွယ်ဆေးများ အကြိမ်ပြည့် ထိုးနှံကြရန်တို့ကို လိုက်လံအသိပေး နှိုးဆော်ခဲ့ကြောင်း သိရှိရသည်။ 

 

သတင်းစဉ်