လူထုအခြေပြုဗဟိုဌာန(ဗဟန်း)၌ နွေရာသီ အခြေခံအင်္ဂလိပ်စာသင်တန်း ဖွင့်လှစ်

ရန်ကုန် ၁၂ မတ်

 

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း)က ကြီးမှူးဖွင့်လှစ်သည့် နွေရာသီ အခြေခံအင်္ဂလိပ်စာသင်တန်းကို ယနေ့မွန်းလွဲ ၁ နာရီတွင် လူထုအခြေပြုဗဟိုဌာန(ဗဟန်း)၌ ဖွင့်လှစ်သည်။

 

အဆိုပါသင်တန်းကို အခြေခံအင်္ဂလိပ်စာ အရေးအပြော ကျွမ်းကျင်မှုရှိစေရန်နှင့် ကျောင်းပိတ်ရက် ကာလအတွင်း ကလေးများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ အခြေခံအင်္ဂလိပ်စာ သင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်သည်။

 

သင်တန်းကို မတ် ၁၂ ရက်မှ ဧပြီ ၉ ရက်အထိ အပတ်စဉ် ကြာသပတေးနေ့တိုင်း မွန်းလွဲ ၁ နာရီမှ ၃ နာရီအထိ ဒေါ်မျိုးမြတ်မွန် (မဟာဝိဇ္ဇာဘွဲ့၊ အင်္ဂလိပ်စာ)က သင်ကြားပို့ချမည်ဖြစ်ပြီး သင်တန်းသား ၅၄ ဦး တက်ရောက်ကြောင်း သိရသည်။

 

အောင်မြင့်(ပြန်/ဆက်)