လူသန်းပေါင်း ၁၁၃ သန်းဟာ အစာရေစာငတ်မွတ်ခဲ့ကြောင်း ကုလသမဂ္ဂထုတ်ပြန်

၉ ဧပြီ

 

၂၀၁၈ ခုနှစ်မှာ စစ်ပွဲတွေနဲ့ ရာသီဥတုဖောက်ပြန်တဲ့အတွက် နိုင်ငံပေါင်း ၅၃ နိုင်ငံက လူပေါင်း ၁၁၃ သန်းဟာ အစာရေစာငတ်မွတ်ခဲ့ကြောင်း ပြီးခဲ့တဲ့ အင်္ဂါနေ့ ထုတ်ပြန်လိုက်ပါတယ်။ အဲဒီနိုင်ငံတွေထဲကမှာ အာဖရိကဟာ  အဆိုးဆုံးဖြစ်တယ်လို့ သိရပါတယ်။

 

1

 

လူပေါင်း ၁၁၃ သန်းရဲ့ သုံးပုံနှစ်ပုံဟာ ရီမင်၊ကွန်ဂို၊ အာဖဂန်နစ္စတန်နဲ့ ဆီးရီးယားနိုင်ငံများအပါအဝင် နိုင်ငံရှစ်နိုင်ငံက ဖြစ်ကြောင်း FAO က ထုတ်ပြန်တဲ့ ၂၀၁၈ ခုနှစ် စားနပ်ရိက္ခာမှတ်တမ်းမှာ ရေးသားထားပါတယ်။

 

အာဖရိကတိုက်အတွင်းမှာ လူပေါင်း ၇၂ သန်းနီးပါးဟာ အစာရေစာငတ်မွတ်ခဲ့ကြောင်း၊  ပဋိပက္ခနဲ့ လုံခြုံမှုမရှိခြင်းက အစာရေစာငတ်မွတ်ခြင်းရဲ့ အဓိကအကြောင်းအရာဖြစ်ပြီး ရာသီဥတုဖောက်ပြန်မှုနဲ့ ဆက်နွယ်တဲ့ ရေကြီးရေလျှံမှုနဲ့ မိုးခေါင်ခြင်းတို့အပြင် စီပွားရေးအတိဒုက္ခတွေဟာ တွဲဘက်လာတဲ့ အကြောင်းတရားတွေဖြစ်တယ်လို့ FAO ဒါရိုက်တာက ပြောပါတယ်။

 

အစားအစာငတ်မွတ်ခဲ့တဲ့ နိုင်ငံတွေထဲမှာ လူဦးရေ ၈၀ ရာခိုင်နှုန်းဟာ စိုက်ပျိုးရေးအပေါ်မှီခိုနေရတဲ့ နိုင်ငံတွေဖြစ်တဲ့အတွက် အဲဒီနိုင်ငံတွေရဲ့ စိုက်ပျိုးရေးနဲ့ပတ်သတ်တာတွေကို အကူအညီပေးရေးနဲ့ အရေးပေါ်လူသားခြင်းဆိုင်ရာ အကူအညီပေးရေး လိုအပ်ကြောင်း FAO ဒါရိုက်တာက ဆက် ပြောပါတယ်။

 

အာဖဂန်နစ္စတန်၊ အီရတ်နဲ့ ဆီးရီးယားနိုင်ငံတွေမှာ မိုးခေါင်ရေရှားမှုဒဏ်ကို ခံခဲ့ရတဲ့အတွက် စိုက်ပျိုးရေးထွက်ကုန်အပေါ်မှာ တော်တော်လေး ထိခိုက်ခဲ့ပါတယ်။

 

၂၀၁၇ ခုနှစ်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် ၂၀၁၈ ဟာ အနည်းငယ်တိုးတက်လာတဲ့အခြေအနေကို တွေ့ရပါတယ်။ ၂၀၁၇ ခုနှစ်က လူပေါင်း ၁၂၄ သန်းအစာရေစာငတ်မွတ်ခဲ့ကြောင်းသိရပါတယ်။

 

MDN

ကိုးကား - AFP