ရန်ကုန် ဇူလိုင် ၈
မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် “လူငယ်နှင့် အနာဂတ်နိုင်ငံတော် စီးပွားဖွံ့ဖြိုးတိုးတက်ရေး” ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တက္ကသိုလ်ရှိ ဝိဇ္ဇာခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီအတွင်းရေးမှူး လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစစ်နိုင်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
အသိပညာပေး ဟောပြောပွဲတွင် ဒုတိယဝန်ကြီးနှင့် တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးတို့က အမှာစကားပြောကြားကြပြီး ဒုတိယဝန်ကြီးက အသိပညာပေး ဟောပြောမည့် ပြည်ထောင်စုဝန်ကြီး (ငြိမ်း) ဦးအောင်နိုင်ဦးအား ဂုဏ်ပြုလက်ဆောင် ပေးအပ်သည်။
ထို့နောက် “လူငယ်နှင့် အနာဂတ် နိုင်ငံတော် စီးပွားဖွံ့ဖြိုးတိုးတက်ရေး” ခေါင်းစဉ်ဖြင့် ဟောပြော ဆွေးနွေးရာ တက်ရောက်လာကြသူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


