လှိုင်းဘွဲ ၁၇ နိုဝင်ဘာ
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူ အညီဖြင့် အကောင်အထည်ဖေါ် ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း)တွင် အိမ်ထောင်စု ၂၂၀၊ လူဦးရေ ၁၃၄၀ တို့အား အကျိုးပြုနိုင်မည့် နောကောကျေးရွာအုပ်စု လတ်ခတ် ကျေးရွာ ရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းကို ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၁၅ရက်နေ့က စတင်အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ကွန်ကရစ်လမ်းသည် လူထုဗဟိုပြုစီမံကိန်းမှထောက်ပံ့ငွေကျပ် ၂၅,ဝ၀ဝ,ဝ၀ဝ ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပြီး (အရှည်ပေ ၁၉၀ဝ x အကျယ် ၁၀ပေ x ထု ၆လက်မ)တို့ဖြင့် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မြို့နယ်နည်းပညာ အကြံပေး အဖွဲ့တို့၏ စနစ်တကျလမ်းညွန်မှု၊ လက်ထောက်နည်းပညာမှူး နန်းဇီဇဝါပွင့်၊ လူထုစည်းရုံးရေးမှူး နန်းစန်းစန်းမြင့် တို့၏အနီးကပ်ကြီးကြပ်မှူးနှင့် ကျေးရွာသူ/ ကျေးရွာသားတို့၏ ပူးပေါင်းပါဝင်မှုတို့ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)


