လပွတ္တာ ဇူလိုင် ၅

 

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ် ကြိမ်ကုန်းကြီးကျေးရွာအုပ်စု ရွှေပြည်သာကျေးရွာတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သော သွင်းအားစုဓာတ်မြေဩဇာများ ပေးအပ်ပွဲကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်သည်။

 

အခမ်းအနားတွင် လပွတ္တာခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးကိုကိုလှိုင်က အမှာစကား ပြောကြားသည်။  ဆက်လက်ပြီး လပွတ္တာမြို့နယ် စိုက်ပျိုးရေးဦးစီး‌ဌာနမှ မြို့နယ်ဦးစီးမှူး ဦးမျိုးအောင် က သွင်းအားစုဓာတ်မြေဩဇာများ ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ကျေးရွာအုပ်စု ကိုးအုပ်စုမှ တောင်သူများအား ပုလဲဓာတ်မြေဩဇာနှင့်  ကွန်ပေါင်းဓာတ်မြေဩဇာများ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)