လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှု လျှော့ချနိုင်ရေးနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး​ ဆောင်ရွက်

 

ရန်ကင်း မတ် ၃၀

 

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အား ပြည့်ဝစွာသုံးစွဲနိုင်ရေး၊ လျှပ်စစ် ဓာတ်အားပျောက်ဆုံးမှု လျှော့နည်းကျဆင်းစေရေး၊ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုမရှိစေရေးနှင့် လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးအတွက် လမ်းမီတိုင်များပြုပြင်ခြင်းကို မတ် ၂၉ ရက်က မြို့နယ် လျှပ်စစ်မန်​နေဂျာရုံးမှ ဦးဆောင်ကြီးကြပ်မှုဖြင့် လျှပ်စစ်ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ရန်ကင်းမြို့နယ် လျှပ်စစ်မန်နေဂျာရုံးအနေဖြင့် လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှု လျှော့ချနိုင်ရေးနှင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုမရှိစေရေးတို့အတွက် မြို့နယ်အတွင်း စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။

အိရွှေစင်(ပြန်/ဆက်)