လှည်းကူး ဇွန် ၇
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် သမဝါယမဦးစီးစီးဌာနမှ အသင်းသား တောင်သူများအား မျိုးစပါးနှင့် သဘာဝမြေဩဇာထောက်ပံ့ပေးအပ်ခြင်းကို မေ ၅ ရက်က ပိုက်ကြီးဝဲကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပသည်။
ဦးစွာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးထွန်းနှင့် သမဝါယမဦးစီးဌာနဦးစီးအရာရှိ ဒေါ်မြင့်မြင့်ဆွေ တို့က မျိုးစပါးနှင့် သဘာဝမြေဩဇာများ ထောက်ပံ့ပေးရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး အသင်းသား တောင်သူ ၁၀၀ အတွက် မျိုးစပါးနှင့် သဘာဝမြေဩဇာများကို တာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်း သိရသည်။
အိရွှေစင်လတ်(လှည်းကူး)


