လွန်ခဲ့သည့် (၅)နာရီအတွင်း ငလျင်လှုပ်ခတ်မှု နှစ်ကြိမ်ထိဖြစ်ပွားခဲ့

၁၈  ဇွန်

 

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ထုတ်ပြန်ချက်အရ ယနေ့နံနက် မြန်မာစံတော်ချိန် (ဝ၄)နာရီ၊ (၄၉)မိနစ်၊ (၅၈)စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်တောင်ဘက် မိုင်(၃၉၀) ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်ပ (Andaman Islands, India Region) မြောက်လတ္တီတွဒ် (၁၂ ဒသမ ၃၂)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၂ ဒသမ ၆၃) ဒီဂရီ၊ အနက် (၁၂)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄ ဒသမ ၉) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားမှုအား တိုင်းထွာ ရရှိခဲ့ကြောင်း သိရသည်။

 

ထို့ပြင် ဇွန် ၁၇ ရက်နေ့ည မြန်မာစံတော်ချိန် (၂၁)နာရီ၊ (၂၅)မိနစ်၊ (၅၀)စက္ကန့် အချိန်ကလည်း မြစ်ကြီးနားမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၅၀၅) မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်ပ (Sichuan, China ) မြောက်လတ္တီတွဒ် (၂၈ ဒသမ ၃၈)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၁၀၅ ဒသမ ဝ၁) ဒီဂရီ၊ အနက် (၄၉)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅ ဒသမ ၈) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားခဲ့သည်။

 

MDN