လွန်ခဲ့သောနှစ်ပေါင်း ၆၃ နှစ်ခန့်အကြာက အမေရိကန်တိုက်လေယာဉ်ပျက်ကျမှုကြောင့် သေဆုံးသွားသူများအား အောက်မေ့သတိရပွဲကျင်းပ

ဇွန် ၃၀

 

လွန်ခဲ့သောနှစ်ပေါင်း ၆၃ နှစ်အကြာက အမေရိကန်တိုက်လေယာဉ်တစ်စင်းပျက်ကျမှုကြောင့် သေဆုံးသွားခဲ့သူများအား စာနာထောက်ထားသောအားဖြင့် ဂျပန်အနောက်တောင်ပိုင်း၊ အိုကီနာဝါစီရင်စုမှ မူလတန်းကျောင်း တစ်ကျောင်းက အောက်မေ့သတိရပွဲကို ဇွန် ၃၀ ရက်တွင် ကျင်းပခဲ့သည်။

 

ကဒီနာလေဆိပ်မှ ထွက်ခွာခဲ့သည့် အဆိုပါလေယာဉ်သည် လက်ရှိအချိန်တွင် အရုမားမြို့ဟုခေါ်သည့် ဂျပန်အနောက်တောင်ပိုင်း၊ အိုကီနာဝါစီရင်စုရှိ မီယာမိုရီမူလတန်းကျောင်းအတွင်းတွင် ပျက်ကျခဲ့ပြီး ကျောင်းသူ ၁၁ ဦးအပါအဝင် ၁၈ ဦးသေဆုံးခဲ့သည်။ ထို့ပြင် ဒဏ်ရာရရှိသူ ၂၀၀ ကျော်လည်းရှိခဲ့သည်။ ထိုအချိန်က အိုကီနာဝါသည် အမေရိကန်စစ်တပ်၏ အုပ်ချုပ်မှုအောက်တွင်ရှိနေပြီး အဆိုပါဖြစ်ရပ်သည် ဒေသခံပြည်သူများကို ဒေါသဖြစ်စေခဲ့သည်။

 

ဇွန် ၃၀ ရက်တွင် ကျင်းပသည့် အဆိုပါအောက်မေ့သတိရပွဲသို့ ကျောင်းသား၊ ကျောင်းသူ ၁၄၀ ခန့်တက်ရောက်ခဲ့ကြသည်။  တက်ရောက်လာကြသူများက ခေတ္တခဏ ငြိမ်သက်ပြီးနောက် သေဆုံးသွားကြ သူများ၏ အမည်များရေးထွင်းထားသော မော်ကွန်းကျောက်တိုင်များတွင် ပန်းများထားခဲ့ကြသည်။ လေယာဉ် ပျက်ကျမှုပြီးနောက် ကျောင်းဝန်းအတွင်း ဆောက်လုပ်ခဲ့သည့် ငြိမ်းချမ်းရေးခေါင်းလောင်းကို တီးခဲ့ကြသည်။ အခမ်းအနားအစီအစဉ်အတွင်း ကျောင်းအနီးတွင် အမေရိကန်စစ်လေယာဉ်များ ပျံသန်းနေသည်ကို မြင်တွေ့ခဲ့ရသည်။ 

 

အခမ်းအနားတွင်တက်ရောက်လာသည့် ဆဋ္ဌမတန်း ကျောင်းသူတစ်ဦးကလည်း “ထိုကဲ့သို့ မတော်တဆမှုမျိုး ထပ်မံ၍မဖြစ်ပွားရန် မျှော်လင့်ကြောင်း၊ ငြိမ်းချမ်းမှု၏ အရေးကြီးပုံ နားလည်သဘောပေါက်ကြောင်း” ပြောပြခဲ့သည်။

 

အခမ်းအနားပြီးနောက်တွင် သေဆုံးသူများ၏ ဆွေမျိုးများနှင့် ထိုအဖြစ်အပျက် ဖြစ်ပွားခဲ့သည့်အချိန်က ကျောင်းတက်နေကြသော ကျောင်းသားဟောင်းများက လေယာဉ်ပျက်ကျခဲ့သည့်နေရာသို့ သွားရောက်ခဲ့ကြသည်။

 

အန်အိတ်ချ်ကေ
ဘာသာပြန်-စုရည်