"လင်္ကာဒီပချစ်သူပြဇာတ်" မိတ်ဆက်ပွဲမှာ လှချင်တိုင်းလှနေတဲ့ မခိုင်လေး

၁၄ ဒီဇင်ဘာ


အနုပညာ ဝါရင့်သရုပ်ဆောင် အကယ်ဒမီ ခိုင်သင်းကြည်ကတော့ ခုချိန်ထိ နုပျိုလှပတဲ့သူ တစ်ယောက် ဖြစ်ပါတယ်။ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်ဆိုသလို လှုပ်ရှားနေတာလည်း တွေ့ရပါတယ်။

mdn

မနေ့က “လင်္ကာဒီပ ချစ်သူပြဇာတ်" မိတ်ဆက်ပွဲမှာလည်း လှပကျော့ရှင်းတဲ့ ပုံတွေကို သူမရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ပရိသတ်တွေအတွက် ဝေမျှထားတာကိုလည်း တွေ့ရပါတယ်။ လင်္ကာဒီပချစ်သူ ပြဇာတ်ထဲမှာ အနုပညာ မောင်နှမများစွာနဲ့ အတူ သရုပ်ဆောင်ထားတာပါ။

mdn

မကြာသေးမီက ရုံတင်ပြသပြီးခဲ့တဲ့ မယားကြောက်ရွာ ဟာသ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာလည်း  ကျရာဇာတ်ရုပ်ကနေ ပီပြင်စွာ သရုပ်ဆောင်ထားလို့ ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာ ရရှိပြီးသူလည်း ဖြစ်ပါတယ်။

အေးစုမော် (MDN)