ရန်ကုန် ဇူလိုင် ၁၈

 

ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ဌာနဆိုင်ရာများ ပူးပေါင်း၍ “မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေး” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင် အထက-၁ (လမ်းမတော်) စွမ်းအားခန်းမ၌ ကျင်းပသည်။ 

 

ဦးစွာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီသွယ်နှင့် ဒေါ်စောစောဦးတို့က အမှာစကားပြောကြားသည်။

 

ဆက်လက်၍ မြို့နယ်ဥပဒေအရာရှိ ဦးအောင်မြတ်နိုင်က မူးယစ်ဆေးဝါးနှင့်ဆက်စပ်သော ပြစ်မှုနှင့် ပြစ်ဒဏ်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနီနီအေးက မူးယစ်ဆေးဝါးနှင့် ကျန်းမာရေးဆိုင်ရာ အကြောင်းအရာများ၊ မြို့မရဲစခန်းမှ ဒုတိယရဲမှူး စောသိန်းက မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အကြောင်းအရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

ကျော်ဆန်းမြင့်