လကွယ်ည၏ အလင်းရောင် စာအုပ်ထွက်ရှိ

၁ သြဂုတ်

 

တစ်မျိုးသားလုံးစာတတ်မြောက်ရေးကိုဦးတည်၍ စာပေဗိမာန်စာမူဆုရ စာရေးသူမောင်အောင် စီစဉ်ရေးသားသည့် လကွယ်ည၏အလင်းရောင်စာအုပ် ထွက်ရှိလာသည်။ 

 

2

 

အသုံးလုံးကျေ လုပ်အားပေးခရီးစဉ်သုံးခုတွင် ငါန်းဇွန်မြို့နယ် ငန်းမြားကြီးကျေးရွာအုပ်စု သားကျင်ကျေးရွာ၊ ကျောက်ပန်းတောင်းမြို့နယ် ပွေးကျစ်မြို့နယ်ခွဲ အိုင်လျာတောင်ကျေးရွာနှင့် ကလောမြို့နယ် ဟဲဟိုးကျေးရွာအုပ်စုမြောက်မြေခြားကျေးရွာတို့တွင် လုပ်အားပေးခဲ့သည်။ စာရေးသူက မြစ်ဝကျွန်းပေါ် ကျိုက်လတ်သားသည် အညာဒေသတွင် ပြောင်း၊ လူးဆတ်တို့ကို စားခွင့်ကြုံသကဲ့သို့ တောင်ပေါ်ပအိုဝ်းကျေးရွာတွင် ဆန်နီကြမ်းနှင့်စားခဲ့ရသည်။ ထန်းလက်မိုးခြင်း၊ ထန်းတက်ခြင်း၊ မြူအိုးကောက်ခြင်း၊ ထန်းလျက်ချက်ခြင်း စသည့် အညာဒေသ၏လူနေမှုစရိုက်နှင့် ပအိုဝ်းရိုးရာတာတက်ပွဲတွင် အပျိုမလေးများအား ပဲလှော်ပေါက်ခြင်းစသည့် စာရေးသူ ကြုံတွေ့ခဲ့ရသည်များကို ရေးသားထားသည်။

 

ကြေးမုံ စာအုပ်စင်