လက်ရှိကမ္ဘာ့ဖလားချန်ပီယံ အာဂျင်တီးနားအသင်းဟာ ဇူလိုင် ၁၂ ရက်က ဆွစ်ဇာလန်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ကမ္ဘာ့ဖလားကွာတားဖိုင်နယ်အဆင့်ပွဲစဉ်မှာ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။
အာဂျင်တီးနားအသင်းနဲ့ ဆွစ်ဇာလန်အသင်းတို့ပွဲစဉ်မှာ သာမန်ပွဲကစားချိန်အတွင်း တစ်ဖက် တစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့တာကြောင့် အချိန်ပိုကစားခဲ့ရာမှာ အာဂျင်တီးနားအသင်းက အယ်လ်ဗာရက်နဲ့ လော်တာရိုမာတီနက်ဇ်တို့ရဲ့ သွင်းဂိုးတွေ ထပ်မံရရှိခဲ့လို့ သုံးဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
တိုက်စစ်မှူးမက်ဆီဟာ အခုပွဲစဉ်မှာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂိုးဖန်တီးမှုအကြိမ်ရေ ၁၀ ကြိမ်ရှိခဲ့ပြီဖြစ်ပြီး အာဂျင်တီးနားအသင်းကလည်း ကမ္ဘာ့ဖလားပွဲစဉ် ၁၅ ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့တဲ့ စံချိန်လည်းတင်နိုင်ခဲ့တာဖြစ်ပါတယ်။ အာဂျင်တီးနားအသင်းဟာ ဆွစ်ဇာလန်အသင်းကို အနိုင်ရရှိခဲ့ပြီးနောက် ဆီမီးဖိုင်နယ်အဆင့်မှာ အင်္ဂလန်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
အင်္ဂလန်အသင်းကတော့ ကွာတာဖိုင်နယ်အဆင့်မှာ နော်ဝေအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရတာဖြစ်ပြီး နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ အဲဒီပွဲစဉ်မှာ အင်္ဂလန်အသင်းအတွက် သွင်းဂိုးနှစ်ဂိုး စလုံးကို ဘယ်လင်ဂန်တစ်ဦးတည်းက သွင်းယူပေးခဲ့တာလည်း ဖြစ်ပါတယ်။
ငွေကြယ်


