လက်ရွေးစင် ဟာသပဒေသာ အမှတ်(၄) စာအုပ်ထွက်ရှိ

စာရေးသူ မောင်ကောင်းထိုက်(ပဒေါ) စီစဉ်ရေးသားသည့်လက်ရွေးစင် ဟာသပဒေသာ အမှတ်(၄) စာအုပ်ထွက်ရှိလာသည်။

 

အဆိုပါစာအုပ်တွင် လူတစ်ယောက် စတိုးဆိုင်ကြီးထဲ ဝင်လာကာ ဆိုင်ပေါ်တင်ထားသော ပစ္စည်းများကို ဂရုတစိုက်ကြည့်သည်။ တစ်နာရီ ကြာလည်းမပြီး၊ နှစ်နာရီကြာလည်း ကြည့်ဆဲဖြစ်သည်ကို အရောင်းသမက တွေ့သည်နှင့် "ရှင်ဘာဖြစ်လို ဒီလောက်ကြာကြာ ကြည့်နေရတာလဲ"ဟု မေးလိုက်သည်။ "ပစ္စည်းတွေရှေ့မှာ ချထားတဲ့ ဂဏန်းတွေက ဈေးနှုန်းလား။ တယ်လီဖုန်းနံပါတ်တွေလားဆိုတာ ခုထိဝေခွဲမရလို့ပါ" စသည့် စိတ်ဝင်စားဖွယ် ဟာသများကို ရေးသားထားသည်။

 

စာအုပ်ကို ရွှေပဒေသာစာပေ၊ အမှတ်-၃၃၊ မြေညီထပ်၊ ကျီတော်လမ်း၊ ပုဇွန်တောင်ကမ္ဘောဇဘဏ်အနီး၊ ရန်ကုန်မြို့ ဖုန်း-၀၉ ၇၉၅၉၈၅၇၇၉နှင့် ၀၉ ၉၇၉၀၀၅၆၃၃ မှ တန်ဖိုးငွေကျပ် ၂၀၀၀ ဖြင့် ဖြန့်ချိသည်။

 

ကြေးမုံ(စာအုပ်စင်)