လက်ပံတန်း ၂၂ မေ
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်၌ အ.ထ.က မကျီးကွင်းရှိ Quarantine Centre တွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွက် ပြည်ပမှပြန်လာသူ(၁၂) ဦးအား အသွားအလာကန့်သတ်မှု(၂၁)ရက် စောင့်ကြည့်၍ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်လျက်ရှိသည်။ Quarantine Centre တွင် အသွားအလာ ကန့်သတ်မှု ခံယူခြင်း (၂၁)ရက်ပြည့်၍ နေအိမ်ပြန်မည့်သူ ၄ ဦးအား ယနေ့နံနက် ၉နာရီက အသိပညာပေး ဆောင်ရွက်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွက် ပြည်ပမှပြန်လာသူများအား အသွားအလာ ကန့်သတ်မှုခံယူခြင်း(၂၁)ရက် ပြည့်မြောက်ပြီးနောက် သတ်မှတ်နေရာ (Quarantine Centre) မှ မိမိနေအိမ်သို့ ပြန်မည့်သူ(၄)ဦးအား ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ အသိပညာပေး၊ လက်ကမ်းစာစောင်ဖြန့်ဝေရေးနှင့် ပြန်ကြားရေးကော်မတီ၏ အသိပညာပေး စာစောင်များ၊ နေအိမ်ပြန်မည့်သူများလိုက်နာရန်အချက်များကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန မြို့နယ်(ကိုဗစ်-၁၉) လုပ်ငန်းအထောက် အကူပြုအဖွဲ့တို့က စာစောင်များဝေငှ၍ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
ဝင့်နန္ဒာဌေး


