လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေး လုပ်ငန်းကော်မတီ (Core Group)နှင့် UNCTFMR တို့ တွေ့ဆုံညှိနှိုင်း အစည်းအဝေး ကျင်းပ

နေပြည်တော် ၈  ဇန်နဝါရီ

 

လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေး လုပ်ငန်းကော်မတီ (Core Group)နှင့် UNCTFMR တို့ တွေ့ဆုံ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

5

 

အစည်းအဝေးတွင် Core Group ခေါင်းဆောင်လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးဝင်းနိုင်ထွန်းက လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် သေကြေ ထိခိုက်ဒဏ်ရာ ရစေမှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ကျုးလွန်မှုများ ကာကွယ်တားဆီးနိုင်ရေး အမျိုးသားအဆင့် လုပ်ငန်းစီမံချက်အဆင့်ဆင့် ညှိနှိုင်းရေးဆွဲထားမှုအား ရှင်းလင်း ပြောကြားသည်။

 

ယင်းနောက် အမျိုးသားအဆင့်လုပ်ငန်းစီမံချက်အပေါ် လုပ်ငန်းကော်မတီ (Core Group) အဖွဲ့နှင့် UNCTFMR အဖွဲ့ဝင်များအကြား အပြန်အလှန်ဆွေးနွေးကြသည်။

 

8

 

အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု အစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့မှ လုပ်ငန်း ကော်မတီ အဖွဲ့ဝင်များနှင့် ဒေါက်တာစုစုသာထွန်း (UNRC, Technical Co-chair of UNCTFMR)နှင့် Ms. Cecile Marchand (UNICEF) ဦးဆောင်သော UNCTFMR ဘက်မှ ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက် ဆွေးနွေးကြကြောင်း သိရသည်။

 

9

 

သတင်းစဉ်