လွိုင်လင်မြို့နယ်၊ ပင်လုံနှင့်တာချီလိတ် မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ဇန်နဝါရီ ၂၈ 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၂၇ ရက် နံနက်၁၁နာရီခွဲတွင် လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၊ ရပ်ကွက်(၄) အတွင်း တွင် အိုက်စိုင်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ  ဘိန်းဖြူ သုည ဒသမ ၀၁ ကီလို သိမ်းဆည်းရမိခဲ့ပြီး မွန်းလွဲ၁၂နာရီခွဲတွင် လွိုင်လင်မြို့နယ်၊ လွိုင်လင်အရှေ့ ကျေးရွာအုပ်စု၊ နောင်ဟမ်းကျေးရွာရှိ ၎င်း၏နေအိမ်ကို ဆက်လက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၄၀၀ ကိုလည်းကောင်း။

ဇန်နဝါရီ ၂၆ ရက် ညနေ ၅နာရီခွဲတွင် တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ ဝမ်းကောင်း(၂)ကျေးရွာအနီးတွင် မသင်္ကာဖွယ်တွေ့ရှိသူ ပြည့်စုံအောင်(ခ)မျိုးကျော် ကို စစ်ဆေးရှာ ဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆,၀၀၀ ကိုသိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။ 

ရဲပြန်ကြား