လှိုင်းဘွဲမြို့နယ် ဉဒေါင်းကျေးရွာ၌ ဆောင်းသီးနှံမြေပဲ စံကွက်ရိတ်သိမ်း

လှိုင်းဘွဲ၊ ၃ ဖေဖော်ဝါရီ

ကရင်ပြည်နယ်၊ ​လှိုင်းဘွဲမြို့နယ်၊ ဉဒေါင်းကျေးရွာတွင် တောင်သူ ဦးလှဝင်း စိုက်ပျိုးထားသော မြေပဲ ဆင်းပဒေသာ-၁၁ မျိုး စံပြစိုက်ခင်းနှင့် ဂျပန်ကြီးမျိုး စိုက်ခင်းအား စံကွက်ရိတ်သိမ်းခြင်းကို ဖေဖော်ဝါရီ ၂ ရက်က ဆောင်ရွက်ခဲ့ရာ စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများက ကွင်းဆင်း ဆောင်ရွက်ပေး သည်။

စံကွက်ရိတ်သိမ်းရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကြည်ဝင်း၊ ရွှေဂွန်းစိုက်ပျိုးရေး နည်းပညာပေး တာဝန်ခံ ဦးစိုးမင်းထွန်းနှင့် တာဝန်ရှိသူများက ဉဒေါင်းကျေးရွာ တောင်သူ ဦးလှဝင်း စိုက်ပျိုးထားသော မြေပဲဆင်းပဒေသာ-၁၁ မျိုး စံပြစိုက်ခင်းကို စံကွက်ရိတ်သိမ်းခဲ့ရာ တစ်ဧကလျှင် အထွက်နှုန်း ၉၅ တင်းနှင့် ဂျပန်ကြီးမျိုးကို တစ်ဧကလျှင် ၁၂၅ တင်း ထွက်ရှိ၍ အထွက်နှုန်း ကောင်းမွန်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)