လှိုင်းဘွဲ   ၂၈ အောက်တိုဘာ

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် သမ္ဘာန်ကျေးရွာ နည်းပညာပြန့်ပွားရေးစင်တာရှိ (CERP)အစီအစဉ်အရ စိုက်ပျိုးထားသော မျိုးစေ့ထုတ်စိုက်ခင်းများအတွင်း စပါးများ စံကွက်ရိတ်သိမ်းခြင်းကို အောက်တိုဘာ ၁၉ ရက်နေ့က စတင်ကာ ရိတ်သိမ်းခဲ့ကြောင်း သိရှိရသည်။

 

အဆိုပါ မျိုးစေ့ထုတ်စပါးများအား ရိတ်သိမ်းရာတွင် ဒုပြည်နယ်ဦးစီးမှူး ဦးသန်းလှိုင်၊ ခရိုင်ဦးစီးမှူး ဦးသက်ဆွေ၊ ပြည်နယ်မျိုးစေ့တာဝန်ခံ ဒေါ်လှိုင်ကြည်ပြာ၊ ခရိုင်သီနှံကာကွယ်ရေး တာဝန်ခံဦးရဲကိုကို၊ မြို့နယ်ဦးစီးမှူး ဦးကြည်ဝင်း၊ စွန့်ဦးတီထွင်လူငယ်များ(YSI)အဖွဲ့၊ တာဝန်ကျ ဝန်ထမ်းများနှင့် တွေ့ဆုံကာ သမ္ဘာန်ကျေးရွာ နည်းပညာပြန့်ပွားရေးစင်တာမှ (SRI)နည်းပညာဖြင့် စိုက်ပျိုးထားသော မျိုးစေ့ထုတ်စိုက်ခင်းအတွင်း စံကွက်ရိတ်သိမ်းခြင်းနှင့် မျိုးစေ့ထုတ်စိုက်ခင်း စံကွက်ရိတ်သိမ်းရာတွင် တစ်ဧကလျှင် စပါးအထွက်နှုန်း အစိုတင်း(၁၂၆.၇၇)တင်း ရရှိ၍ ထိုစပါးများကို အခြောက်ခံသန့်စင်ပြီး ဒေသခံတောင်သူများအား လာမည့်နှစ်တွင် စပါးအထွက်နှုန်း မကျစေရန်နှင့် မျိုးကောင်းမျိုးသန့်များ ဆက်လက်ပွားများနိုင်ရန်အတွက် မှာကြားခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)