လဟယ်  ၂၈  အောက်တိုဘာ

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ၊ လဟယ်မြို့တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီတို့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ လဟယ်မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးမျိုးညီညီက အဖွင့်အမှာစကား ပြောကြားပြီး၊ လဟယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဒေါ်နှင်းဟေမာန်လွင်က ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားရှိမှုနှင့် ဆောင်ရွက်နေသော လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးသည်။

 

ထို့နောက် တက်ရောက်လာကြသော ဌာနဆိုင်ရာများက အပြန်အလှန်ဆွေးနွေးရာတွင် မဲရုံကြီးကြပ် တာ၀န်ထမ်းဆောင်ကြမည့် ဌာနဆိုင်ရာ ၀န်ထမ်းများအား အုပ်စုအလိုက် တာ၀န်ခွဲဝေခြင်းနှင့် မဲရုံလုံခြုံရေး ကိစ္စရပ်များ၊ မဲရုံသုံးပစ္စည်းများ အချိန်မှီရောက်ရှိရေ ဆောင်ရွက်ထာရှိမှုနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ အစည်းအဝေးတွင် ရွေးကောက်ပွဲနေ့ မဲရုံမှူး၊ ဒုမဲရုံမှူး၊ မဲရုံအဖွဲ့၀င်များနှင့် မဲရုံလုံခြုံရေး တာ၀န်ထမ်းဆောင်ကြမည့် ဝန်ထမ်းများအား မြို့နယ်စီမံခန့်ခွဲမှုကော်မတီမှ မဲရုံ(၁)ရုံလျှင် ဆန်အိတ်(၁) အိတ်နှုန်း မဲရုံ(၁၀၅)ရုံအတွက် ဆန်အိတ်(၁၀၅)အိတ် ထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရသည်။

မွှေးကြူဇင်