လဟယ်၊ ၄ ဒီဇင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ကိုယ်၀န်ဆောင်မိခင်များနှင့် မွေးကင်းစ ကလေး(၂)လအရွယ်မှ (၁)နှစ်ခွဲအောက် ကလေးသူငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးပေးခြင်းကို ဒီဇင်ဘာ ၄ ရက် နံနက် ၁၀ နာရီတွင် လဟယ်မြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးရုံး၌ ကာကွယ်ဆေးထိုးပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့ပေါ်ရပ်ကွက် (၄) ရပ်ကွက်ရှိ မွေးကင်းစကလေး အသက် (၂)လမှ တစ်နှစ်ခွဲအောက် ကလေးသူငယ် (၅၄)ဦးကို ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင် (၂၂)ဦးအား မေးခိုင်ကာကွယ်ဆေး ထိုးပေးမည်ဖြစ်ကြောင်း လဟယ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မွှေးကြူဇင်


