လေထုညစ်ညမ်းတဲ့အတွက် မွန်ဂိုးလီးယား မိသားစုတွေ တကွဲတပြားစီ နေရ

၁၅ မတ် 

 

ကမ္ဘာမှာ အအေးဆုံး မြို့တော်ဖြစ်တဲ့ မွန်ဂိုလီးယားနိုင်ငံမြို့တော် အူလန်ဘာတာမှာ အပူချိန်ဟာ အနုတ် ၄၀ ဒီဂရီ အထိရောက်ရှိအတွက် အအေးဒဏ်ကို ခံနိုင်ရန် မီးသွေးနဲ့ ပလတ်စတစ်တွေကို မီးရှို့ကြရာ  လေထုညစ်ညမ်းမှုဟာ ပိုပြီးဆိုးရွားလာပါတယ်။ ဒီလိုအခြေအနေဟာ  ကလေးငယ်တွေ အသက်ရှူရာမှာ   စိုးရိမ်စရာ ဖြစ်တဲ့အတွက် မြို့တော်အပြင်ကို ပြောင်းရွှေ့နေထိုင်နေသူတွေ ရှိလာပါတယ်။ 

 

mdn

 

အူလန်ဘာတာဟာ လေထုညစ်ညမ်းတဲ့ မြို့တော်တွေမှာ တစ်ခုအပါအဝင်ဖြစ်ပြီး နယူးဒေလီ၊ ဒါကာ၊ ကာဘူးနဲ့ ဘေကျင်းမြို့တော်တို့နဲ့ အဆင့်တူ  လေထုညစ်ညမ်းဆုံးမြို့တော်တွေ ဖြစ်ကြပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ လေထုအရည်အသွေး သတ်မှတ်ချက်ထက် အမြဲကျော်လွန်နေပါတယ်။ ဒီလိုအခြေအနေကြောင့် အထူးသဖြင့် ကလေးငယ်တွေမှာ အသက်ရှူလမ်းကြောင်း ဝေဒနာမျိုး ခံစားရနိုင်ပါတယ်။ 

 

ကလေးငယ်ရဲ့ ကျန်းမာရေးကြောင့် မြို့ပြကို စွန့်ခွာလာခဲ့တဲ့ မိခင် အာဒီနီဘတ်က “သူတို့နေခဲ့တာကမီးခိုးတွေရဲ့ အလယ်မှာလို့ ပြောလို့ရတယ်။ သူ့သမီးဟာ အသက်ငယ်သေးတဲ့အတွက် မီးခိုးတွေကြောင့် ဖျားတယ်လေ။ အခုနေရာကတော့ လေက သန့်ရှင်းတယ်။ သမီးလည်း မဖျားတော့ဘူး။ ဖျားလည်း ခဏပဲ” လို့ ပြောပါတယ်။ 

 

mdn

 

တချို့မိသားစုတွေကတော့ မြို့တော်အူလန်ဘာတာမှာ ဆက်လက်နေထိုင်ပေမယ့် ဆောင်းရာသီ လေထု ညစ်ညမ်းတဲ့အချိန်မှာ ခရီးထွက်လေ့ ရှိကြပါတယ်။ တချို့မိသားစုတွေက တစ်လလုံး ခရီးသွားကြပါတယ်။ အဘွား လတ်ဆန်ဂွန်ဘို ကတော့ မြေးမလေးကိုခေါ်ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ဆောင်းရှောင်ဖို့ ရောက်ရှိနေပါတယ်။ မြေးမလေး ကျောင်းပြန်ဖွင့်မှ ပြန်မယ်လို့ ပြောပါတယ်။ ခရီးသွားဖို့ ပိုက်ဆံမရှိရင်တောင် ချေးငှားပြီး သွားပါတယ်လို့ ပြောပါတယ်။ 

 

အူလန်ဘာတာ ရဲ့ လေထုညွှန်းကိန်းဟာ PM2.5 ရှိတဲ့အတွက် WHO ရဲ့ စံသတ်မှတ်ထားတဲ့ နှုန်းထက် ၁၃၃ ကြိမ် ပိုများနေတာကို တွေ့ရပါတယ်။ 
မွန်ဂိုလီးယားအစိုးရက နိုင်ငံတွင်းပြောင်းရွှေ့နေထိုင်ခြင်းနဲ့ မီးခိုးလျော့နည်းဖို့အတွက်  မီးသွေးမီးဖို အသုံးပြုခြင်းကို ပိတ်ပင်ထားပါတယ်။ 

 

MDN
ကိုးကား - AFP